Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပြည်ကြီးတံခွန်မြို့နယ်၌ လျှပ်စစ်ကဏ္ဍ ပြည်သူအကျိုးပြု ရက်(၁၀၀) စီမံချက်ဖြင့် ဓာတ်အားစဉ်ဆက်မပြတ် ရရှိစေရေးတို့အတွက် ဖြန့်ဖြူးရေး ထရန်စဖော်မာ ၇ လုံး…
Jun 08,2026
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ လျှပ်စစ်ကဏ္ဍ၊ ပြည်သူအကျိုးပြု ရက်(၁၀၀)စီမံချက်ဖြင့် လျှပ်စစ် ဗို့အားပြည့်ဝစွာရရှိစေရေး၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေး၊ ယူနစ်ပျောက်ဆုံးမှု ကျဆင်းစေရေးနှင့် ဓာတ်အားစဉ်ဆက်မပြတ် ရရှိစေရေးတို့အတွက် ဖြန့်ဖြူးရေး ထရန်စဖော်မာ ၇ လုံးကို တပ်ဆင်ခြင်းလုပ်ငန်းကို တည်ဆောက် ရာတွင် ၆၇ ဘီလမ်း၊ ၁၂၀ လမ်းတွင် ၁၁/၀.၄ ကေဗွီ (၅၀၀)ကေဗွီအေထရန်စဖော်မာတစ်လုံးကို လည်းကောင်း၊ ၇၃ လမ်းနှင့် မင်္ဂလာလမ်းတွင် ၁၁/၀.၄ကေဗွီ(၅၀၀) ကေဗွီအေ ထရန်စဖော်မာ တစ်လုံးကိုလည်းကောင်း၊ ၇၄ အေ လမ်းနှင့် ၁၁၅ လမ်းတွင် ၁၁/၀.၄ကေဗွီ(၃၁၅)ကေဗွီ ထရန်စဖော်မာတစ်လုံး ကို လည်းကောင်း၊ ၅၈လမ်းနှင့် ၁၁၉ လမ်းတွင် ၁၁/၀.၄ ကေဗွီ(၃၁၅) ကေဗွီအေထရန်စဖော်မာတစ်လုံးကိုလည်းကောင်း၊ ရန်ကုန်-မန္တလေးလမ်းနှင့် တံခွန်တိုင် ဈေးတန်းတွင် ၁၁/၀.၄ကေဗွီ(၃၁၅)ကေဗွီအေထရန်စဖော်မာတစ်လုံးကို လည်းကောင်း၊ ၆၁လမ်းနှင့်၁၃၃ လမ်းတွင် ၁၁/၀.၄ကေဗွီ (၃၁၅)ကေဗွီ ထရန်စဖော်မာတစ်လုံးကို လည်းကောင်း၊ ၅၃လမ်းနှင့် ၁၂၇လမ်းတွင် ၁၁/၀.၄ကေဗွီ (၃၁၅)ကေဗွီ ထရန်စဖော်မာတစ်လုံးကို လည်းကောင်း စသည့် နေရာများတွင် စုစုပေါင်း ထရန်စဖော်မာ ၇ လုံး တပ်ဆင် ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ငါန်းဇွန်မြို့နယ်တွင် ဆီကုန်သည်ကြီးများအသင်းမှ ပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာ ဆက်လက်ရောင်းချ
Jun 08,2026
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ ဇွန် ၇ ရက် နံနက် ၈ နာရီမှစတင်၍ ညနေ ၄ နာရီထိ မြို့နယ်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီ၏ စီမံကွပ်ကဲမှုဖြင့် မြို့နယ်ဆီလုပ်ငန်းရှင် ကြီးများအသင်းမှ မြို့ပေါ်လေးရပ်ကွက်ရှိ အိမ်ထောင်စုဝင်ပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ တစ်ပိဿာ ကျပ် ၈၈၀၀နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလိန်အောင်မြို့တွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေးအတွက် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုး
Jun 08,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကလိန်အောင်မြို့တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးအတွက်ရည်ရွယ်၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၆ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဟုမ္မလင်းမြို့နယ် မောင်းခမ်းစံပြကျေးရွာ၌ ကျန်မာရေးဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်ဖြင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ပြည်သူများကို ကွင်းဆင်းဆေးကုသခြင်း…
Jun 08,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းရိုင်၊ ဟုမ္မလင်းမြို့နယ် မောင်းခမ်းစံပြကျေးရွာ၌ ကျန်းမာရေးဝန်ကြီးဌာန၏ (၁၀၀)စီမံချက်ကာလအတွင်း ဟုမ္မလင်းကုတင်(၁၀၀) ဆံ့ဆေးရုံ၊ဆေးရုံအုပ်ကြီး ဒေါက်တာနေဝင်းထွန်း၊ ဦးဆောင်ပြီးထူးကုဆရာဝန်များနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ ဇွန်လ ၇ ရက် နံနက် ၈ နာရီ အချိန်တွင် မောင်းခမ်းတိုက်နယ်ဆေးရုံ၌ အခမဲ့ဆေးကုသကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားနှစ်ယောက်တွဲ(အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်
Jun 08,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့်ကျင်းပသည့် ရပ်ကွက်/ကျေးရွာပေါင်းစုံ အားကစားနှင့် ကာယပညာကော်မတီဥက္ကဌဖလား အမျိုးသားနှစ်ယောက်တွဲ(အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက သရက်ချောင်းမြို့နယ် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါးသစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထယ်ထိုးထည့်သွင်းမြေမြှုပ်ပွဲကျင်းပ
Jun 08,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ခုနှစ်၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထယ်ထိုးထည့်သွင်းမြေမြှုပ်ပွဲကို ယနေ့နံနက်(၉) နာရီအချိန်က ဝဲဒေါင့်ကျေးရွာတွင်ကျင်းပ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်မြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၍ ပညာသင်ကြားနေမှုအား တာဝန်ရှိသူများ လိုက်လံကြည့်ရှု အားပေး
Jun 08,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ဇွန်လ(၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီးဖြစ်ရာ ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများကို တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်မြို့နယ် မိုင်းစိတ်ကျေးရွာတွင် သွင်းအားစု မျိုး၊ မြေဩဇာများ ထောက်ပံ့ပေးအပ်
Jun 08,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ မိုင်းစိတ်ကျေးရွာအုပ်စု၊ မိုင်းစိတ်ကျေးရွာတွင် အသင်းပိုင်ငွေဖြင့် မိုးစပါးစိုက်ပျိုးမည့် မိုင်းစိတ်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းရှိ အသင်းသားတောင်သူများအတွက် သွင်းအားစု၊ မျိုးနှင့် မြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါကျေးရွာရှိ အသင်းဥက္ကဋ္ဌ နေအိမ်တွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
96
Page
97
Page
98
Page
99
Current page
100
Page
101
Page
102
Page
103
Page
104
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department