ကမာရွတ်မြို့နယ်တွင် မြို့နယ်အဆင့် ကျန်းမာရေးအဆင်မြင့်ကျောင်း ထူထောင်ခြင်း ဆင့်ပွားနည်းပြသင်တန်းဖွင့်လှစ်

ကမာရွတ် မေ ၈

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက နာနတ်တောလမ်း အမှတ် (၆) ရပ်ကွက် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီဌာနမှူးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းခဲ့သည်။

ထိုသို့ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဒေါ်သီသီမွန်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန်းအိကလျာထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာမျာနှင့် သင်တန်းသား၊ သင်တန်းသူ ကျောင်းအုပ်ဆရာ/ ဆရာမများ တက်ရောက်ခဲ့သည်။

သင်တန်းတွင် ကျောင်ကျန်းမာရေးဆိုင်ရာ လုပ်ငန်းစဥ်များကိုလည်ကောင်း စစ်ဆေးချက်ပုံစံရေးသွင်းဆောင်ရွက်များကို သက်ဆိုင်ရာဘာသာရပ်အလိုက် ဆွေးနွေးပို့ချပေးခဲ့ပြီး မြို့နယ်အတွင်းရှိ အခြေခံကျောင်းများမှ ကျောင်အုပ်ကြီးများ စုစုပေါင်း (၆၀) ဦး တက်ရောက်ကြကြောင်း သိရသည်။

စိမ်းလဲ့ (ပြန်/ဆက်)