Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကော့ကရိတ်မြို့၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Dec 15,2025
ကော့ကရိတ်ခရိုင် အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင်လှစ်ခဲ့သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက ကော့ကရိတ်မြို့၊ ခရိုင်သီးသန့် ရဲဝင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေနံချောင်းမြို့ တွင်းကုန်းရပ်ကွက်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အခမဲ့ဆောင်ရွက်ပေးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲ ကျင်းပ
Dec 15,2025
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရေနံချောင်းမြို့နယ် ဦးစီးမှူးရုံးမှ မဲဆန္ဒရှင်ပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အခမဲ့ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက တွင်းကုန်းရပ်ကွက် ဝင်းရတနာခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်(၂)အတွင်းရှိ စက်ရုံများအား မီးဘေးလုံခြုံရေးစစ်ဆေး
Dec 15,2025
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေခရိုင် ပြည်ကြီးတံခွန်မြို့နယ်တွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးလောင်မီးလန့်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် ယနေ့ နံနက်ပိုင်းကစတင်၍ စက်မှုဇုန်(၂)အတွင်းရှိ စက်ရုံများအား မီးဘေးလုံခြုံရေး စစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ဥတ္တရသီရိမြို့နယ် ကြက်ခြေနီအသင်းခွဲ၏ အသင်းခွဲရုံးနှင့် ဖူဆယ်အားကစားကွင်းဖွင့်ပွဲအခမ်းအနား တက်ရောက်
Dec 15,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ဥတ္တရသီရိမြို့နယ် ကြက်ခြေနီအသင်းခွဲ၏ “အသင်းခွဲရုံးနှင့် ဖူဆယ်အားကစားကွင်းဖွင့်ပွဲ” အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ချိုနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဥတ္တရခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ်၌ ချည်မျှင်ရှည်ဝါ ၁၀၆ ဧကစိုက်ပျိုးထားပြီး အောင်မြင်ဖြစ်ထွန်း
Dec 15,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၌ ချည်မျှင်ရှည်ဝါ ၁၀၆ ဧကစိုက်ပျိုးထားရှိပြီး၊ ချည်မျှင်ရှည်ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကာ ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းခြင်းကြောင့် အသေးစား၊ အလတ်စား ယက်ကန်းလုပ်ငန်းများတွင် ကုန်ကြမ်းရရှိစေပြီး ချည်မျှင်ရှည်ဝါစိုက်တောင်သူများ ဈေးနှုန်းကောင်းရရန် မျှော်လင့်နေကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလိန်အောင်မြို့၌ ဒို့အတူတူမဲပေးကြမယ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 15,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ပြည်သူတိုင်း ပါဝင်ဆန္ဒမဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အ.ထ.က-ကလိန်အောင်ကျောင်းနှင့်ကျောင်းဈေးဆိုင် လူစည်းကားရာနေရာများ၌ ဖြန့်ဝေခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးမြို့ လူထုစုပေါင်းလမ်းလျှောက်ပွဲ လူဦးရေ ၃၇၀၀ ကျော် ပါဝင်ဆင်နွှဲ
Dec 15,2025
တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်နိုင်ရန်၊ တစ်မျိုးသားလုံး၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်၊ အားကစားကို လူအများစိတ်ပါဝင်စားပြီး နိုင်ငံတော်သစ် တည်ဆောက်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်စေရန်၊ နိုင်ငံတော်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် လူတစ်စုအားကစားမှ လူထုအားကစားသို့ဟူသော ရည်မှန်းချက်ကို အထောက်အကူပြုစေရန် နိုင်ငံတစ်ဝန်း၌ ဒီဇင်ဘာလအားကစားလူထုစုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဘုတ်ပြင်းမြို့တွင် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး
Dec 15,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံးပါဝင်နိုင်ရန် နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာ ရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်ကြောင်း ပြည်သူအားအသိပညာပေးလှုံ့ဆော်သည့် အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းနှင့် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီက ဘုတ်ပြင်းမြို့ တပင်ရွှေထီးလမ်းရှိ လူစည်ကားရာနေရာ၌ စိုက်ထူခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
95
Page
96
Page
97
Page
98
Current page
99
Page
100
Page
101
Page
102
Page
103
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department