ထားဝယ်မြို့တွင် မိုးစပါးစံကွက် ရိတ်သိမ်းပွဲကျင်းပ

ထားဝယ် နိုဝင်ဘာ ၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ  ဦးဆောင်၍ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်() အခြေခံပညာနှင့် စိုက်ပျိုးမွေးမြူရေး တွဲဖက်အထက်တန်းကျောင်း၌ ကျင်းပသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနပိုင် (6.6)ပေ GW .11 စပါးမျိုးအား ရိတ်သိမ်းခဲ့ရာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စက်မှု့လယ်ယာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ YSI ဝန်ထမ်းများ၊ တောင်သူများက ကြည့်ရှုအားပေးသည်။ ထို့သို့ စပါးမျိုးအား ရိတ်သိမ်းခဲ့ရာ အစိုဓါတ် 18.3% ရှိ၍ နို့ဆီ‌ဗူး 19 ဗူး၊ အစိုအထွက်တင်း တစ်ဧက 148.44 တင်း ထွက်ရှိကြောင်း သတင်းရရှိသည်။

ငွေဇင်ယော်(ပြန်/ဆက်)