ဗိုလ်တထောင်မြို့နယ်၌ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်

ဗိုလ်တထောင် နိုဝင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင် ၊ဗိုလ်တထောင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှကြီးမှူးကျင်းပ၍ (၂၃)ကြိမ်မြောက် တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် တိုင်းရင်းဆေးနှီနှောဖလှယ်ပွဲကို ကြိုဆိုသောအားဖြင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ဗိုလ်တထောင်မြို့ အမှတ်( ၃ )အခြေခံပညာအထက်တန်းကျောင်း သစ္စာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထိုဟောပြောပွဲအခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီးဒေါ် ဌေးဌေးဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးချမ်းမိုးက    မီးဖိုချောင် သုံးပစ္စည်းများ ဆေးဖက်အသုံးဝင်ပုံအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးချမ်းမိုးက ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးဝင်းထံသို့ တိုင်းရင်းဆေးများ လှူဒါန်းခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ခင်ဝင်း(ပြန်/ဆက်)