ဗိုလ်တထောင်မြို့နယ်၌ ကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်

ဗိုလ်တထောင် နိုဝင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ကြီးမှူးကျင်းပ၍ (၂၃) ကြိမ်မြောက် တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် တိုင်းရင်းဆေးနှီးနှောဖလှယ်ပွဲကို ကြိုဆိုသောအားဖြင့် ကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ဗိုလ်တထောင်မြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း သစ္စာခန်းမ၌ ကျင်းပပြုလုပ်ခဲကြောင်း သိရသည်။

ထိုဟောပြောပွဲ အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးချမ်းမိုးက မီးဖိုချောင်သုံးပစ္စည်းမိားဆေးဖက် အသုံးဝင်ပုံအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးချမ်းမိုးက ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးဝင်းထံသို့ တိုင်းရင်းဆေးများ လှူဒါန်းခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။

ခင်ဝင်း