(၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲအကြို ကွင်းဆင်းဆေးကုသ

မိုင်းယောင်း နိုဝင်ဘာ ၉

(၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲအကြိုအဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနသည် ယမန်နေ့က ဝမ်ဘိုးအုပ်စု၊ ဖကျောက်ကျေးရွာ၌ ဒေသခံပြည်သူများအား ကွင်းဆင်းဆေးကုသပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းရင်းဆေးကုဌာန မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သီတာအောင်က ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲအကြို ကွင်းဆင်းဆေးကုသခြင်းနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို ရှင်းလင်းပြောကြားပြီး ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်အေးသစ္စာက ကျန်းမာရေးနှင့် တိုင်းရင်းဆေးအကြောင်း သိကောင်းစရာကို ဟောပြောခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်၊ စာကြည့်တိုက်လက်ထောက်(၃) ဒေါ်ဝေဝေခိုင်နှင့် အငယ်တန်းစာရေး ဒေါ်နန်းမြတ်ဆုမွန်ဦးတို့က စာကြည့်တိုက်နှင့် စာအုပ်စာပေ၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူကုန်ကူးမှုနှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး၊ MSME နှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိကောင်းစရာများကို ဟောပြောခဲ့ကြသည်။

ထို့နောက် မြို့နယ်တိုင်းရင်းဆေးမှူးနှင့် ဝန်ထမ်းများက ဒေသခံပြည်သူများအား တိုင်းရင်းဆေးဖြင့် ဆေးကုသပေးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက အသိပညာပေး နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်ပြပွဲများကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

ဝေဝေခိုင်(ပြန်/ဆက်)