Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဗလငါးတန်နှင့်ပြည့်စုံသော တိုင်းရင်းသားကျောင်းသားလူငယ်များဖြစ်စေရေး အသိပညာပေးဟောပြောပွဲပြုလုပ်
Dec 05,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးတိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့ပူးပေါင်းပြီး (စတုတ္ထအကြိမ်)မြောက် တိုင်းရင်းသားကျောင်းသား/သူများ ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့နယ် ထုံးကြီးစံပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်း အမေ့အိမ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လပွတ္တာမြို့အတွင်းရှိစျေးများ၌ မီးဘေးလုံခြုံရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Dec 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၌ ပွင့်လင်းရာသီ ရောက်ရှိလာသည်နှင့်အညီ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ ထိခိုက်နစ်နာ ဆုံးရှုံးမှုမရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ မီးဘေးလုံခြုံရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ(၃)ရက်နေ့နံနက် (၁၀) နာရီအချိန်က အမှတ် (၅) ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ပိုင်အောင်ဇေယျစျေးကြီးအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းမြသာစည်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ လူရည်ချွန်ရွေးချယ်ရေး စစ်ဆေးခြင်းဆောင်ရွက်
Dec 05,2024
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ အဆိုပါမြို့နယ်ရှိ အမှတ် (၃၀) အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲ ကျင်းပ
Dec 05,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် နိုင်ငံ့အတွက် အရည်အချင်းမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ထွန်းလာစေရေးရန် ဘက်စုံထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများကို လေ့ကျင့်ပျိုးထောင်ပေးရန်ရည်ရွယ်၍ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် (၉) နာရီက မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခန္တီးမြို့နယ်၌ ကလေးငယ်များအားပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Dec 05,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ မိခင်ကလေးကျန်းမာရေးဌာနတွင် ယမန်နေ့ နံနက်(၉)နာရီ အချိန်မှစ၍ ကလေးငယ်များအားလစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ်၊ မိုင်းဆတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား…
Dec 05,2024
မိုင်းဆတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် မိုင်းဆတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် (၁၂)နာရီ(ခွဲ)က မိုင်းဆတ်မြို့၊ အောင်ဇေယျဘက်စုံအားကစားကွင်းအတွင်း၌ ကျင်းပရာ မိုင်းဆတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးညီညီထွေးနှင့် တာဝန်ရှိသူများက ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ၊ ဖူဆယ်အားကစားပြိုင်ပွဲ၊ အေရိုးဗစ်အားကစားပြိုင်ပွဲနှင့် ဘောလုံး (ကျား) အားကစားပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ဆုတံဆိပ်များ ချီးမြှင့်ခြင်းနှင့် နေရာအလိုက် အကောင်းဆုံး အားကစားသမားဆု၊ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုများ၊ ဆုဖလားနှင့် ဂုဏ်ပြုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူး(စကု)မြို့နယ် ရေပုတ်ကျေးရွာ မနောသုခ (၅) ဧကစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုအားပေး
Dec 05,2024
ဒေသတွင်း စပါးသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး၊ စိုက်ပျိုးသည့်နည်းစနစ် မှန်ကန်စေရေးနှင့် စပါးတစ်ဧကအထွက်နှုန်း တိုးတက်စေရေးတို့အတွက် မကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မင်းဘူး(စကု)မြို့နယ် ရေပုတ်ကျေးရွာ တောင်သူဦးဝင်းမောင်၏ ကွင်းအမှတ် ၁၂၃၇-က မနောသုခ (၅) ဧကစိုက်ခင်းအောင်မြင်နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေပေးအပ်ပွဲကျင်းပ
Dec 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေကျပ်သိန်း(၁၀၀၀)ဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6507
Page
6508
Page
6509
Page
6510
Current page
6511
Page
6512
Page
6513
Page
6514
Page
6515
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department