ခန္တီးမြို့နယ်၌ ကလေးငယ်များအားပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ခန္တီး  ဒီဇင်ဘာ   ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ မိခင်ကလေးကျန်းမာရေးဌာနတွင် ယမန်နေ့ နံနက်(၉)နာရီ အချိန်မှစ၍ ကလေးငယ်များအားလစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် ခန္တီးမြို့ပေါ်ရပ်ကွက်/ ကျေးရွာများမှ မွေးစကလေးငယ်များ၊ (၂)လအရွယ်၊(၄)လအရွယ်၊ (၆)လအရွယ်၊ (၉)လအရွယ်၊ (၁)နှစ်ခွဲအရွယ်ကလေးငယ်များအား အသက်အရွယ်အပိုင်းအခြားအလိုက် ဘီစီဂျီ၊  အသည်းရောင်အသားဝါ(ဘီ)၊ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပိုလီယိုကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)-ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးများကို  မိခင်ကလေးကျန်းမာရေးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ကမ်းကီး(ပြန်/ဆက်)