ဟင်္သာတမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေပေးအပ်ပွဲကျင်းပ

ဟင်္သာတ ဒီဇင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေကျပ်သိန်း(၁၀၀၀)ဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွှန့်ဆန်းထွန်းက ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေပေးအပ်ရ​​​ခြင်းအကြောင်းနှင့် မိမိတို့ဒေသတွင်းရှိ လမ်းများဖွံဖြိုးတိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး၊ ဒေသတွင်းကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး၊ ကျေးလက်ဒေသအတွင်း ကျန်းမာရေး၊ပညာရေးများ ပိုမိုဖွံဖြိုးတိုးတက်စေရေးနှင့် မိမိတို့ရပ်ရွာဒေသအတွက် ပိုမိုအကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းများကို စနစ်တကျအကောင်ထည်ဖော်ဆောင်ရွက်သွားရန်​ ပြောကြားခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွှန့်ဆန်းထွန်းနှင့် တာဝန်ရှိသူများမှ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေရရှိသည့် ကျေးရွာအုပ်စု ၁၅ အုပ်စုတို့မှ လုပ်ငန်း ၁၆ ခုတို့အတွက် လုပ်ငန်းများစတင်ဆောင်ရွက်နိုင်ရန်အတွက် ရန်ပုံငွေများ အသီးသီးပေးအပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ဟင်္သာတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွှန့်ဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေရရှိသည့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် လမ်းကော်မတီဝင်များ၊ စုစုပေါင်း ၇ဝ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)