အမြို့မြို့အနယ်နယ်သတင်းများ

Dec 05,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်း ရောဂါဝေဒနာရှင်များအတွက် အပတ်စဥ်ဗုဒ္ဓဟူးနေ့ နံနက်(၉)နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၊ လူနာစောင့်များ နားနေဆောင်၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Dec 05,2024
“အေအိုင်ဒီအက်စ်ကင်းဝေးဖို့၊ သာတူညီမျှအလေးပေးလို့၊ အားလုံးဝိုင်းဝန်းပံ့ပိုးစို့” ဆောင်ပုဒ်ဖြင့် ၂၀၂၄ ခုနှစ် ပြည်နယ်အဆင့် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
Dec 05,2024
၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။
Dec 05,2024
၂၀၂၄ -၂၀၂၅ ပညာသင်နှစ်  မြို့နယ်အဆင့် အလယ်တန်း ၊ အထက်တန်းအဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို  ယမန်နေ့ နံနက် (၉) နာရီအချိန် အ.ထ.က(ကျိုက်မရော)  ကျောင်း၌ ကျင်းပသည်။
Dec 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်တွင် သမဝါယမဦးစီးဌာန၊ မြို့နယ်သမဝါယမအသင်းစုလီမိတက်မှ ကွင်းအမှတ် ၁၅၊ ကွင်းအမည် အင်တိုင်းမြောက်၊ ဦးပိုင် ၃၆ တွင် ရေဆင်းစပ်မျိုး(၁)နေကြာ စံပြကွက် ၅ ဧက စိုက်ပျိုးပွဲကို တောင်သူ ဦးစိုးမြင့် လယ်မြေ၌ ယမန်နေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်သည်။