အမြို့မြို့အနယ်နယ်သတင်းများ

Dec 05,2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနပေါင်းစုံအလွတ်တန်းအမျိုးသား‌ ဘောလုံးပွဲစဉ်များကို ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပေါင်းလောင်းအားကစားကွင်း၌ အားကစားနှင့်လူငယ်‌‌ရေးရာဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနတို့ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
Dec 05,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်အတွင်းမှ ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများပေါ်ထွက်လာစေရန် ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်စစ်ဆေးခြင်းစာမေးပွဲကို ယမန်နေ့နံနက်ပိုင်းမှ စတင်၍ မြစ်သားမြို့ အခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းရှိ ဗန္ဓုလဆောင်၌ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
Dec 05,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ဆောင်းသီးနှံ၊ နွေစပါးနှင့်နွေသီးနှံများ လျာထားချက်ပြည့်မီရေးအတွက် ယမန်နေ့မွန်းလွဲပိုင်းက လယ်ဝေးမြို့နယ် စိုက်ပျိုး‌ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရ၊ ဒု-ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် အဖွဲ့ဝင်များသည် မဒေါ့ပင်ကျေးရွာအုပ်စု၊ မဒေါ့ပင်ကျေးရွာရှိ တောင်သူအသိပညာပေးစင်တာ(KC)တွင် တောင်သူများနှင့် တွေ့ဆုံခဲ့သည်။
Dec 05,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက ပွတ်စုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။
Dec 05,2024
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းညွန့်၊ ​မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်း၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းဝင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော်တို့နှင့်အတူ  ယမန်နေ့နံနက်ပိုင်းက တပ်ကုန်းမြို့နယ်အတွင် ဆောင်းသီးနှံစိုက်ပျိုးထားရှိသော ဥသျှစ်ကုန်းကျေးရွာ၊ သပြေသာကျေးရွာများရှိ နေကြာသီးနှံစိုက်ခင်းများ၊ မတ်ပဲသီးနှံ စိုက်ခင်းများ၊ မြေပဲသီးနှံစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန် အားပေးလမ်းညွှန် မှာကြားခဲ့သည်။