အမြို့မြို့အနယ်နယ်သတင်းများ

Jun 11,2026
ကရင်ပြည်နယ်အစိုးအဖွဲ့၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစယဉ်ဌေး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမင်းရွှေတို့သည်  ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် ယ‌နေ့နံနက်ပိုင်းတွင် ကော့ကရိတ်မြို့ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ  လှိုင်ဝတံတားအနီးရှိ CCT Tha Best စက်သုံးဆီအရောင်းဆိုင်၊   အမှတ်(၂) အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊မွေးမြူရေးအထက်ကျောင်းကျောင်းဆောင်၊ အမှတ်(၅)ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက်များရှိ မီးလောင်ပျက်စီးနေအိမ်များ ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေး ဆောင်ရွက်ထားရှိမှု၊ အမှတ်(၃)ရပ်ကွက်၊ အောင်မင်္ဂလာလမ်း လမ်းဘေးရေနုတ်မြောင်း  ပြန်လည်ပြုပြင်နေမှု၊  မြေသားလမ်းအား ကွန်ကရစ်လမ်းဖောက်လုပ်နေမှု အ‌ခြေအနေတို့ကို ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များ‌‌ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်‌ပေးခဲ့‌ကြောင်း သိရသည်။  ထိုနောက် ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း တွေ့ဆုံပွဲ အခမ်းအနားကို ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံပွဲကို ဒေါနခန်းမတွင် ကျင်းပပြုလုပ်ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးစယဉ်ဌေးက အမှာစကား ပြောကြားပြီး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းရွှေမှ ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှု၊ ထောက်ပံ့ပေးမှု၊ NGO အဖွဲ့များ၊ အလှူရှင်များ လှူဒါန်း‌ပေးမှု၊ စာသင်ကျောင်းများ ဖွင့်လှစ်နိုင်မှုနှင့် ပတ်သက်သည့် ဆောင်ရွက်ချက်များ၊ ဆွေးနွေးပြောကြားသည်။
Jun 11,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ သူနာပြုသင်တန်းကျောင်း၊ သင်တန်းခန်းမ၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူး​ပေါင်း၍ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုမှကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
Jun 11,2026
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊‌ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများမှ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် အသက်(၁၀) နှစ်ပြည့်ပြီး ကျောင်းသား၊ကျောင်းသူလေးများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို အမှတ်(၃) အခြေခံပညာအထက် တန်းကျောင်းတွင် ဇွန်လ(၈)ရက်နေ့က စတင်ဆောင်ရွက်ခဲ့ကြရာ ဇွန် ၁၀ ရက် မွန်းလွဲ (၃) နာရီတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြသည်။
Jun 11,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲများကို ယမန်နေ့နံနက်(၁၀)နာရီက အမှတ်(၄)ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Jun 11,2026
တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(သတ္တမနေ့)ကို ယနေ့ နံနက် ၁၀ နာရီက တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 11,2026
စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြသခြင်းကို မူဆယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဇွန် ၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 11,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြိုနယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း မွေးမြူရေးသင်တန်းသားရရှိရေး အသိပညာပေးဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (မြို့မ) ၌ ယမန်နေ့က ပြုလုပ်ခဲ့သည်။
Jun 11,2026
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ပြည်သူများသိရှိလိုက်နာနိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက ညောင်လှရပ်ကွက်နှင့် ဆားတိုင်းကျေးရွာအုပ်စုတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။