အမြို့မြို့အနယ်နယ်သတင်းများ

Jun 11,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်လမ်းဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသည့် အမှတ်(၂)ရပ်ကွက် သရက်-နတ်မီးတောက်-ကံမလမ်း မိုင်တိုင်အမှတ် (၂၈/၁)-(၂၈/၂)အတွင်း တံတား(Box Culvert) တည်ဆောက်ခြင်းလုပ်ငန်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တအတွင်းရေးမှူး ရဲမှူးစိုင်းညီညီမင်းနှင့်အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ဦးနှင့်တာဝန်ရှိသူများက ယမန်နေ့ မွန်းတည့်(၁၂)နာရီက ကွင်းဆင်းစစ်ဆေးခဲ့ရာ မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ)ဒေါ်ဝေမီနှင့် တာဝန်ခံအင်ဂျင်နီယာတို့က တံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြခဲ့ကြသည်။
Jun 11,2026
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူများနှင့်အတူ စာရေးဆရာမ ခင်စောတင့်ရေးသားသည့် စွန့်စားမှုဆီသို့ ခြေတစ်လှမ်းစာအုပ်အား စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 11,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ ပြည်သူ့ဆေးရုံ၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများနှင့် ပင်စင်စားအငြိမ်းစားဝန်ထမ်းများအား ဆီးချိုသွေးချို၊သွေးတိုးနှင့် နှလုံးရောဂါများစစ်ဆေးပေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးခဲ့ကြောင်း သိရသည်။
Jun 11,2026
ရန်ကုန်တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သတ္တုတွင်းဦးစီးဌာနနှင့် ဆားလုပ်ငန်းတို့မှ ကျောင်းနေအရွယ် ဝန်ထမ်းသား/ သမီးများအတွက် စာရေးကိရိယာပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ အစည်းအဝေးခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးစိုးဦး၊ ရန်ကုန်တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်ခိုင်စိုး၊ သတ္တုတွင်းဦးစီးဌာနနှင့် ဆားလုပ်ငန်းတို့မှ တာဝန်ရှိသူများ၊ ဌာန (၃) ခုမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Jun 11,2026
ဟိုတယ်၊ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏လမ်းညွှန်မှု၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ပံ့ပိုးကူညီမှုတို့ဖြင့် ရှမ်းပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် ရုရှားဘာသာစကားနှင့်ဆက်ဆံကောင်းမွန်စေရေး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေကော်မတီတို့ပူးပေါင်းဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာရုရှားဘာသာစကား(မွမ်းမံ)သင်တန်းဖွင့်ပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ Hill Top Villa Hotel ၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှုးနှင့်တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြဆရာ/ ဆရာမများနှင့် သင်တန်းသား /သင်တန်းသူများ တက်‌ရောက်ခဲ့ကြသည်။
Jun 11,2026
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ သင်ထောက်ကူပြုမော်တော်ယာဉ် (Mobile Training Bus) ဖြင့် သွားရောက်၍ လုပ်ငန်းခွင်အရောက် အလုပ်သမားဥပဒေပါ ရပိုင်ခွင့်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ အသိ ပညာပေးဆွေးနွေးပွဲကို လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အနော်ရထာစက်မှုဇုန်ရှိ စက်ရုံ (၂) ရုံတွင် ယ‌မန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Jun 11,2026
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးပြားနှင့် UID ထုတ်ပေးခြင်း ကွင်းဆင်းဆောင်ရွက်မှုကို ယမန်နေ့ နံနက်ပိုင်းက ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်သည်။
Jun 11,2026
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် "မြန်မာအမျိုးသမီးများနေ့"ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြည်မြို့၊အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်း၊ သိရီရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။