တောင်ငူမြို့၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုမှကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

တောင်ငူ ဇွန် ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ သူနာပြုသင်တန်းကျောင်း၊ သင်တန်းခန်းမ၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူး​ပေါင်း၍ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုမှကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

ထိုသို့ ကျင်းပရာတွင် တောင်ငူခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းစုလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ဝင်းမာဦးက သင်တန်းသူများအား ကျား/ ရေးရာ အခြေခံသဘောတရား၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှတားဆီးကာကွယ်ခြင်း၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်များနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် (၁၃၂၅) စသည်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဇာခြည်အောင်က အမျိုးသမီးများအပေါ်အကြမ်းဖက်မှုမှ ကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)