ရေနံချောင်း ဇွန် ၁၁
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရန်၊ရှောင်ရန်အချက်များကို ပြည်သူများသိရှိလိုက်နာနိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက ညောင်လှရပ်ကွက်နှင့် ဆားတိုင်းကျေးရွာအုပ်စုတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးနှိုးဆော်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြည်ပြာစိုးနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက မိုးရာသီတွင် ဖြစ်ပွားတတ်သော လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းများကြောင့် ပြည်သူများထိခိုက်ဆုံးရှုံးမှုများ မဖြစ်ပွားစေရေးလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ရှောင်ကျဉ်ရမည့်အချက်များကို အသံချဲ့စက်ဖြင့်အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်