ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းကြည့်ရှုခြင်းနှင့် လုပ်ငန်းညှိနှိုင်းတွေ့ဆုံပွဲ ကျင်းပ

ကော့ကရိတ်မြို့ ဇွန် ၁၁

ကရင်ပြည်နယ်အစိုးအဖွဲ့၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစယဉ်ဌေး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမင်းရွှေတို့သည်  ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် ယ‌နေ့နံနက်ပိုင်းတွင် ကော့ကရိတ်မြို့ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ  လှိုင်ဝတံတားအနီးရှိ CCT Tha Best စက်သုံးဆီအရောင်းဆိုင်၊   အမှတ်(၂) အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊မွေးမြူရေးအထက်ကျောင်းကျောင်းဆောင်၊ အမှတ်(၅)ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက်များရှိ မီးလောင်ပျက်စီးနေအိမ်များ ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေး ဆောင်ရွက်ထားရှိမှု၊ အမှတ်(၃)ရပ်ကွက်၊ အောင်မင်္ဂလာလမ်း လမ်းဘေးရေနုတ်မြောင်း  ပြန်လည်ပြုပြင်နေမှု၊  မြေသားလမ်းအား ကွန်ကရစ်လမ်းဖောက်လုပ်နေမှု အ‌ခြေအနေတို့ကို ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များ‌‌ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်‌ပေးခဲ့‌ကြောင်း သိရသည်။  ထိုနောက် ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း တွေ့ဆုံပွဲ အခမ်းအနားကို ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံပွဲကို ဒေါနခန်းမတွင် ကျင်းပပြုလုပ်ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးစယဉ်ဌေးက အမှာစကား ပြောကြားပြီး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းရွှေမှ ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှု၊ ထောက်ပံ့ပေးမှု၊ NGO အဖွဲ့များ၊ အလှူရှင်များ လှူဒါန်း‌ပေးမှု၊ စာသင်ကျောင်းများ ဖွင့်လှစ်နိုင်မှုနှင့် ပတ်သက်သည့် ဆောင်ရွက်ချက်များ၊ ဆွေးနွေးပြောကြားသည်။

ယင်းနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများမှ လျှပ်စစ်မီးသွယ်တန်းထားရှိမှု၊ မီးလောင်ပျက်စီးသွားသည့် နေအိမ်အဆောက်အဦ ပြန်လည်ပြင်ဆင်တည်ဆောက်မှု၊ မြို့တွင်းသန့်ရှင်းသာယာလှပ‌ရေး ဆောင်ရွက်‌မှု၊ ကျောင်းအပ်နှံမှု အခြေအနေတို့ကိုလည်းကောင်း၊ ကော့ကရိတ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးမိုးကျော်အောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦးမှ မြို့ပြန်လည်ထူ‌ထောင်ရေးလုပ်ငန်း ဆောင်ရွက်ချက်များနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြရာ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကရင်ပြည်နယ်အစိုးအဖွဲ့၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် အမှတ်(၇) ရပ်ကွက်၊ ဒေါနလမ်းရှိ  ထောက်ပံ့ရေးပစ္စည်းများ သိုလှောင်ထားရှိရာ သမဝါယမဂိုဒေါင်သို့ ရောက်ရှိပြီး ထောက်ပံ့ရေးပစ္စည်းများ ပေးဝေနေမှုအား ကြည့်ရှုခဲ့ပြီး အမှတ်(၃) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ခရိုင်သစ်တောဦးစီးမှူးရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)