ပဲခူး ဇွန် ၁၀
တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(သတ္တမနေ့)ကို ယနေ့ နံနက် ၁၀ နာရီက တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစီအစဉ်အရ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးက တတိယအကြိမ် ပဲခူးတိုင်း ဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(သတ္တမနေ့) အစည်းအဝေး စတင်ကျင်းပကြောင်းနှင့် တိုင်းဒေသကြီးလွှတ်တော်သို့ တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ၇၆ ဦးတွင် ၆၉ ဦး တက်ရောက်ခဲ့သည့်အတွက် ရာခိုင်နှုန်းအားဖြင့် ၉၀.၇၉ ရာခိုင်နှုန်းရှိသည့်အတွက် အစည်းအဝေးအထမြောက်ကြောင်း ကြေညာခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များကမေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း(၁၅)ခုကို သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့ကြားပြီး ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးက တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(သတ္တမနေ့) ရပ်နားကြောင်းနှင့် အစည်းအဝေး(အဋ္ဌမနေ့)အား ၂၀၂၆ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထက်အောင်လင်း(ပြန်/ဆက်)