မိုင်းရှူး ဇွန် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲများကို ယမန်နေ့နံနက်(၁၀)နာရီက အမှတ်(၄)ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထွေးက လူကုန်ကူးမှုပုံစံအမျိုးမျိုး၊ လူကုန်ကူးခံရသည့်အကြောင်းအရင်းများ၊ လူကုန်ကူးခံရသည့်ဆိုးကျိုးနှင့်အန္တရာယ်များအကြောင်းဟောပြောပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ ကျန်းမားရေးဆိုင်ရာနှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးစသည့် အသိပညာပေးနံရံကပ်စာစောင်နှင့်ဓါတ်ပုံပြပွဲကို ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မိုင်းရှူး(ပြန်/ဆက်)