မူဆယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြသ

မူဆယ် ဇွန် ၁၁

စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြသခြင်းကို မူဆယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဇွန် ၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များသည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့ထုတ် ဒို့ကျေးရွာဂျာနယ် အတွဲ(၂၃)၊ အမှတ်(၈)မှ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် လူသစ်စိတ်သစ်ဘဝသစ် ဆောင်းပါးအား စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းနှင့် (Book Club) အဖွဲ့ဝင်များ ဖြစ်ကြသည့် လွေးစာဦး၊ မနွယ်နွယ်အောင်၊ မနန္ဒာဝင်း၊ မသန္တာအေးနှင့် မမြတ်ထက်ဝေတို့က ဆောင်းပါးတွင်ပါရှိသည့် စာရေးသူ၏ ဘဝဖြတ်သန်းပုံများကို တစ်ပိုဒ်ချင်းဖတ်၍ မိမိတို့မှတ်မိသလောက် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

စာဖတ်ဝိုင်းအပြီးတွင် မူဆယ်ခရိုင် ပြည်သူ့စာကြည့်တိုက်၌ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုမှတ်သားခဲ့ကြကြောင်း သိရှိရပါသည်။

ခရိုင်ပြန်/ဆက်