Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လယ်ဝေးမြို့နယ်၊ ရွှေဝါထွန်း(၂)စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း၏ မိုးစပါးစိုက်ဧက (၂၀) ရိတ်သိမ်းမှုအား ကွင်းဆင်းကြည့်ရှု
Dec 16,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့်အတူ တာဝန်ရှိသူများသည် ယမန်နေ့ နေ့လယ်ပိုင်းတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော လယ်ဝေးမြို့နယ်၊ ရုံးတောကျေးရွာရှိ၊ ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းပိုင် မိုးစပါးစိုက်ဧက (၂၀) ရိတ်သိမ်းမှုအား ကွင်းဆင်းကြည့်ရှုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းမြသာစည်မြို့နယ်၌ ထုတ်ပေးထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့်အတူ မဲစာရင်းတွင် ပါဝင်မှုရှိ/ မရှိ တိုက်ဆိုင် စစ်ဆေး
Dec 16,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသားတိုင်း ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး နိုင်ငံသားစိစစ်ရေးကတ်များကို ရပ်ကွက်များအလိုက် စနစ်တကျ မြေပြင်ကွင်းဆင်းပြုလုပ်ပေးခြင်းကို ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ မဲစာရင်းတွင် ပါဝင်မှုရှိ/ မရှိ တိုက်ဆိုင်စစ်ဆေးခြင်းကို ဒီဇင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် တိုက်ဆိုင်စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ်၌ မဲပေးစက်ထားရှိသည့် နေရာတို့အား မီးဘေးလုံခြုံရေးစစ်ဆေး
Dec 16,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် အီလက်ထရောနစ်မဲပေးစက်များ မီးဘေးကြိုတင်ကာကွယ်ရေးလုံခြုံစိတ်ချရမှုရှိစေရေး ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီက စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် တပ်ကုန်းမြို့နယ် သာသနိကအဆောက်အဦ ဗုဒ္ဓသာသနာပြု ဗိမာန်တော်တွင်းဝင် ပန္နက်တော်တင်မင်္ဂလာအခမ်းအနား တက်ရောက်
Dec 16,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်ရပ်ကွက်အတွင်းရှိ မန္တလေး မြေငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီးအစား နှစ်ထပ်ဗုဒ္ဓသာသနာပြုဗိမာန် သာသနိကအဆောက်အဦ ပြန်လည်တည်ဆောက်ရေးတွင်းဝင် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဗိမာန်တော်တွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်မြို့တွင် မော်တော်ယာဉ်များ သတ်မှတ်စည်းကမ်းများ လိုက်နာစေရေး အသိပညာပေး ဆောင်ရွက်
Dec 16,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် မော်တော်ယာဉ်များ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးထားသည့် နံပါတ်ပြားများ တပ်ဆင်မောင်းနှင်ရေးနှင့် ပါဝါအိတ်ဇောများ တပ်ဆင်မောင်းနှင်မှုမရှိစေရေး သတိပေးကြေညာချက် ဗီနိုင်းပိုစတာများကို မူဆယ်မြို့ရှိ အချက်အချာကျသောနေရာများတွင် ယနေ့နံနက်ပိုင်းမှစ၍ ကပ်ထားကြော်ငြာထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကံမမြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုဟောပြောပွဲနှင့် ဓါတ်ပုံနံရံကပ်ပိုစတာပြပွဲ ကျင်းပ
Dec 16,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ယမန်နေ့ နေ့လယ်(၂)နာရီက (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုဟောပြောပွဲနှင့် ဓါတ်ပုံနံရံကပ်ပိုစတာများပြသခြင်းကို အမှတ်(၃)ရပ်ကွက်၊ မဒေးဝအခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီမှ ဖွင့်လှစ်သည့် အခြေခံစက…
Dec 16,2025
ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီမှ ဖွင့်လှစ်သည့် အခြေခံစက်ချုပ်နှင့် ကွန်ပျူတာအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက ညောင်ရွှေမြို့နယ် ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည…
Dec 16,2025
၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၆/၂၀၂၅)ကို ယမန်နေ့မွန်းလွဲပိုင်းတွင် စစ် ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်း ခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
45
Page
46
Page
47
Page
48
Current page
49
Page
50
Page
51
Page
52
Page
53
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department