အမြို့မြို့အနယ်နယ်သတင်းများ

Jun 10,2026
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့က စိန်ပန်းပင်ကျေးရွာအုပ်စုမှ တောင်သူ ၉၁ ဦး၏  သီးနှံစုံဧက ၆၀၈ ဧကအတွက် ငွေကျပ် ၁၅၂၀ သိန်းကို တောင်သူများလက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
Jun 10,2026
နိုင်ငံတော်အစိုးရသစ်လက်ထက် ရက်(၁၀၀) “လမင်း” စီမံချက်ဖြင့် မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် UID များ ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်း၌ ဆောင်ရွက်နေကြောင်း သိရသည်။
Jun 10,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ် သမဝါယမဦးစီးဌာနမှ တိုင်းပြည်စားနပ်ရိက္ခာ‌များ ပေါများလာစေရန်၊ သွင်းအားစုများထုတ်‌ပေးခြင်းဖြင့် ပန်းတိုင်အထွက်နှုန်းရရှိပြီး ဝင်ငွေတိုးရေးနှင့်လူမှု စီးပွားမြှင့်တင်နိုင်ရန် ရည်ရွယ်၍ (သက်တန့်ရောင်စီမံ ကိန်း)မှ စပါးနှင့်ဝါသီးနှံစိုက်သမဝါယမအသင်းသား တောင်သူများထံသို့ သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ဇွန် ၉ ရက်နေ့က ထားဝယ်အင်းကျေးရွာနှင့် မြိုင်ကုန်းကျေး ရွာတို့၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 10,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဝင်းထွန်း၊ ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူရနှင့် မြို့နယ်စိုက်ညှိကော်မတီ အဖွဲ့ဝင်များသည် တောင်သူများနှင့်တွေ့ဆုံ၍ ဘိုင်အိုချာပြုလုပ်နည်းသရုပ်ပြပွဲနှင့် သီးနှံစိုက်ခင်းများ စိုက်ပျိုးထားရှိမှုတို့ကို ယမန်နေ့က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Jun 10,2026
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း တြိရတနာဓမ္မာရုံ၌ဆောင်ရွက်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးလေးဆွေနှင့်ဝန်ထမ်းများက အသက် ၁၀ နှစ်နှင့်အထက် ကျောင်းသားကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်များကို ဆောင်ရွက်ပေးခဲ့သည်။
Jun 10,2026
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ဘက်စုံထူးချွန်သည့် ကျောင်းသား၊ကျောင်းသူများ ပေါ်ထွန်းလာစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဇွန် (၁၀) ရက်နေ့ နံနက်ပိုင်းက ကရင်ဝင်းစိန် (အထက-ခွဲ) ကျောင်းခန်းမ၌ ကျင်းပသည်။
Jun 10,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် တကောကျေးရွာ၊ အ-ထ-က(ခွဲ) တကောကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀)နာရီ အချိန်က ကျင်းပခဲ့သည်။
Jun 10,2026
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော မြို့နယ်အဆင့်ကျန်းမာရေးအဆင့်မြင့်ကျောင်း ဆင့်ပွား သင်တန်းကို အ.ထ.က-၂ ရတနာခန်းမ၌ ဇွန်လ(၁၀)ရက် နံနက်(၉)နာရီတွင် ကျင်းပသည်။