အမြို့မြို့အနယ်နယ်သတင်းများ

Jul 04,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ခုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံတွင် ဝန်ထမ်းသစ်ကြိုဆိုခြင်းနှင့်ဝန်ထမ်း သား၊ သမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေး ခြင်းကို ယမန်နေ့ ညနေ ၄ နာရီခွဲက အဆိုပါဆေးရုံတွင် ကျင်းပခဲ့သည်။
Jul 04,2024
ဒေသခံတိုင်းရင်းသားလူငယ်လူရွယ်များ အတွေးအမြင်၊ အယူအဆများမှန်ကန်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားလာစေရန်နှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အားပေးလမ်းညွှန်ပြုနိုင်စေရန်၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူများ စာပေဖတ်ရှုသည့်အလေ့အကျင့်ရရှိစေရန်၊ စာအုပ်စာပေချစ်မြတ်နိုးသူများ တိုးပွားလာစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များနှင့် ကျောင်းသား၊ကျောင်းသူများတို့က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
Jul 04,2024
ကျောင်းသားလူငယ်များ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို မှတ်သားသိရှိနိုင်စေရန်အတွက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြိုဟောပြောပွဲကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
Jul 04,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကလေးသူငယ်များ အာဟာရချို့တဲ့မှုများ လျော့နည်းပပျောက်စေရေး၊ အာဟာရလွန်ကဲမှုပြဿနာများ ကာကွယ်ရေးနှင့် အာဟာရပြည့်ဝမျှတစွာ သုံးစွဲနိုင်ရေးအတွက်ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များရှိအသက်(၅)နှစ်အောက်ကလေးငယ်များအား ဗီတာမင်နှင့်သန်ချဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်တွင် ကျေးလက်ကျန်းမာရေး ဌာန၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jul 04,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ကမြို့မစည်ပင်သာယာဈေး၌ သား/ငါးရောင်းချသည့် ဈေးသည်များ သတ်မှတ်လုပ်ငန်းလိုင်စင် စည်းကမ်းချက်များနှင့်အညီ စနစ်တကျဈေးရောင်းချရေးနှင့် ဈေးဆိုင်ဝန်းကျင်သန့်ရှင်းရေး အလေးထားဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့မဈေးခေါင်းရုံး၌ သား/ငါး ရောင်းချသည့်ဈေးသည်များကို အသိပညာပေးရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
Jul 04,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ အသက် (၁၈)နှစ်နှင့်အထက် စတုတ္ထအကြိမ်မူကြမ်း စာရင်းစစ်ဆေးခြင်းနှင့် ကွန်ပျူတာဖြင့် စာရင်းများ ထည့်သွင်းခြင်းလုပ်ငန်းများ မှားယွင်းမှုမရှိစေရေး၊ တိကျမှန်ကန်စေရေးတို့အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး‌ဌာနမှ ဝန်ထမ်းများ၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စဉ့်ကိုင်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် မြို့နယ်နွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများပူးပေါင်းပြီး ဇူလိုင်လ ၄ ရက်နေ့မှ စတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ခဲ့သည်။
Jul 04,2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ မိုးစပါးစိုက်ပျိုးရန်ကျန်ရှိနေသော ကျေးရွာများမှတောင်သူ(၃၀)ဦးအား ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
Jul 04,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ သရက်-အောင်လံ မော်တော်ဆိပ်ကမ်းရှိ ရေယာဉ်များအပေါ်တွင် အသက်ကယ်အင်္ကျီစနစ်တကျဝတ်ဆင်ခြင်း အသိပညာပေး ဆောင်ရွက်နေမှုကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များက စုပေါင်းဆောင်ရွက်ခဲ့ကြသည်။