အမြို့မြို့အနယ်နယ်သတင်းများ

Jul 05,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြိို့နယ်တွင် ပြည်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးပြီး “GENDER, CEDAW, NSPAW, UNSCR အသိပညာပေးသင်တန်း”ကို ယနေ့နေ့လယ် (၁) နာရီ က သဲကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင်ဖွင့်လှစ်ခဲ့သည်။
Jul 05,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများသည် ယနေ့နံနက် ၁၀ နာရီခွဲ အချိန်ခန့်တွင် အ.လ.က (ဝိန်းကောင်) ကျောင်းသို့ သွားရောက်ပြီး ကျောင်းသားလူငယ်များကို ကျောင်းစာများအပြင် အကြားအမြင် ဗဟုသုတများတိုးပွာစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
Jul 05,2024
အရေးပေါ်မီးငြှိမ်းသတ်နည်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ကျောင်းသား၊ ကျောင်းသူများ မျက်မြင်ကိုယ်တွေ့လေ့လာသိရှိနိုင်စေရန်အတွက်၊ မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနက အရေးပေါ်မီးငြှိမ်းသတ်နည်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သရုပ်ပြဇာတ်တိုက်လေ့ကျင်းခြင်းကို၊ ဇူလိုင် (၅) ရက်နေ့ နံနက် (၉) နာရီက သီရိမင်္ဂလာရပ်ကွက်ရှိ မြို့ရှေ့ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
Jul 05,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀) နာရီက (၂) အခြေခံပညာအထက်တန်းကျောင်း (ကျိုက်စကော) ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့‌ကြောင်းသိရသည်။
Jul 05,2024
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ပြည်သူများ ရေဘေးအန္တရာယ်၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ဆောင်ရန်/ရှောင်ရန်အချက်များကို သိရှိစေရန်အတွက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့်ဌာနဆိုင်ရာများပူးပေါင်း၍ ယနေ့နံနက် ၈ နာရီအချိန်က ဂန့်ဂေါမြို့ မြစ်သာမြစ်ကမ်းဘေးရှိနေအိမ်များသို့သွားရောက်၍ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသံချဲ့စက်ဖြင့် အသိပညာ ပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 05,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ဇူလိုင် ၄ ရက်က ကျိုင်းတုံခရိုင်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 05,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ မိုးဦးကျကာလအတွင်း ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သောသွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပိုးလောက်လန်းများ မပေါက်ဖွားစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုအရ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာ‌ရေးမှူး ဦးဇော်လွင် ဦးဆောင်၍ ဆရာ/ဆရာမများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့တို့က ယနေ့နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်ရှိ လူနေအိမ်များသို့ တစ်အိမ်တက်ဆင်း၍ ရေကန်၊ ရေပုံး၊ ရေတိုင်ကီများအတွင်းသို့ အဘိတ်ဆေးခတ်ပေးခြင်းနှင့် ဖုံး-သွန်-လဲ -စစ်လုပ်ငန်းများကို လိုက်လံဆောင်ရွက်ပေးခဲ့သည်။
Jul 05,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ်၌ ရွှေ့ပြောင်းသွားလာခြင်း၊ လူမှောင်ခို၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပသည်။