အောင်လံ ဇူလိုင် ၄
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ သရက်-အောင်လံ မော်တော်ဆိပ်ကမ်းရှိ ရေယာဉ်များအပေါ်တွင် အသက်ကယ်အင်္ကျီစနစ်တကျဝတ်ဆင်ခြင်း အသိပညာပေး ဆောင်ရွက်နေမှုကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များက စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းဆောင်ရွက်မှုတွင် မော်တော်ဆိပ်ကမ်းရှိ ရေယာဉ်မောင်းသူများအနေဖြင့် ပြည်သူများ၏ အသက်အန္တရာယ်ကို ကယ်တင်ရန် အသက်ကယ်အင်္ကျီများကို မော်တော် ရေယာဉ်များပေါ်တွင် စနစ်တကျထားရှိခြင်း၊ စုတ်ပြဲမှုရှိမရှိ စစ်ဆေးခြင်းများကို မြို့နယ်မီးသတ် ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝင်များက မော်တော်ရေယာဉ်များပေါ်သို့ ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)