အမြို့မြို့အနယ်နယ်သတင်းများ

Jul 04,2024
ပြည်မြို့၊ ဇီးအုပ်ကျေးရွာ တောင်သူလယ်သမားသင်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ဇူလိုင်လ ၆ ရက်နေ့တွင်ကျရောက်မည့် (၁၀၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ "သမဝါယမနေ့"ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝါစိုက်သမဝါယမအသင်းသားတောင်သူများအား ပြည်မြို့နယ်သမဝါယမဦးစီးဌာနမှ ကြီးမှူး၍ ဝါစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး နည်းပညာပေးသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Jul 04,2024
ပျဉ်းမနားမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် ၂ နှစ်အထိ ကလေးများအား လစဉ်ပုံမှန် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ယောက်သွားအင်းကျေးရွာ၌ ထိုးနှံပေးခဲ့သည်။
Jul 04,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ရပ်ကွက်/ကျေးရွာများသို့ ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် (၁၁) နာရီအချိန်က ရပ်ကွက်/ကျေးရွာများအရောက် လိုက်လံဆောင်ရွက်ခဲ့ကြသည်။
Jul 04,2024
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါမြို့နယ်ရှိ တောင်မြင့်ရပ်ကွက်၊ အခြေခံဘာသာရေးကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
Jul 04,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတို့ပူးပေါင်း၍ ကျောင်းသူ၊ ကျောင်းသားများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်နှင့် လမ်းစည်းကမ်းများကို သိရှိစေရန်အတွက် ယနေ့နံနက် (၁၀) နာရီအချိန်က သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းဝင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ယာဉ်စည်းကမ်းလမ်းစည်း အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jul 04,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်း‌နောင်မြို့ အမှတ်(၄)ရပ်ကွက်တွင် မီးငြှိမ်းသတ်ခြင်း အသိပညာပေးနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Jul 04,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြို့မစျေးကြီးအတွင်း ကုန်စုံဆိုင်များအား စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်းကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့သည်။
Jul 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ဟင်္သာခန်းမ၌ သွေးလွန်တုပ်ကွေးရောဂါကူးစက်မှု ကြိုတင်ကာကွယ် တိုက်ဖျက်ရေး အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။