အသက်(၁၈)နှစ်နှင့်အထက် (စတုတ္ထအကြိမ်) စာရင်းစစ်ဆေးခြင်းများ ဆောင်ရွက်

စဉ့်ကိုင် ဇူလိုင် ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ အသက် (၁၈)နှစ်နှင့်အထက် စတုတ္ထအကြိမ်မူကြမ်း စာရင်းစစ်ဆေးခြင်းနှင့် ကွန်ပျူတာဖြင့် စာရင်းများ ထည့်သွင်းခြင်းလုပ်ငန်းများ မှားယွင်းမှုမရှိစေရေး၊ တိကျမှန်ကန်စေရေးတို့အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး‌ဌာနမှ ဝန်ထမ်းများ၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စဉ့်ကိုင်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများပူးပေါင်းပြီး ဇူလိုင်လ ၄ ရက်နေ့မှ စတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်နေမှုအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဉာဏ်စိုး၊ မြို့နယ်ရွေးကောက်‌ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးအောင်ဆန်းဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ကျော်စွာ(ပြန်/ဆက်)