တပ်ကုန်း ဇူလိုင် ၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ခုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံတွင် ဝန်ထမ်းသစ်ကြိုဆိုခြင်းနှင့်ဝန်ထမ်း သား၊ သမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေး ခြင်းကို ယမန်နေ့ ညနေ ၄ နာရီခွဲက အဆိုပါဆေးရုံတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအုပ်စိုးလင်းက ဝန်ထမ်းသစ် ကြိုဆိုခြင်းနှင့်ဆေးရုံဝန်ထမ်း သား၊ သမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဆေးရုံအုပ်ကြီး ဒေါက်တာအုပ်စိုးလင်းနှင့် ဆရာဝန်၊ ဆရာမများက ဝန်ထမ်းသစ်များကို ကြိုဆိုကာ ဝန်ထမ်းသစ် ၁၃ ဦးအား မှတ်စုစာအုပ် နှင့်ဝန်ထမ်းကတ်များပေးအပ်ခြင်း၊ ဆေးရုံဝန်ထမ်းများ၏သား၊ သမီး ၃၁ ဦးကို ဗလာစာအုပ်နှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်