ကျိုက်မရော ဇူလိုင် ၄
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ မိုးစပါးစိုက်ပျိုးရန်ကျန်ရှိနေသော ကျေးရွာများမှတောင်သူ(၃၀)ဦးအား ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးမည့် လျာထားဧက ၉၀၀၀ အတွက် ယနေ့ထိချေးငွေစုစုပေါင်းသိန်း(၁၃၅၀၀)ကို ထုတ်ချေးပေးရန်လျာထားပြီး တောင်သူ(၁၃၈၆)ဦးတို့အတွက် တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့် ထုတ်ချေးပေးခဲ့ကြောင်းနှင့် ယနေ့ထုတ်ချေးပေးသည့် နိတုံကျေးရွာနှင့် ရေတွင်းကုန်းကျေးရွာများမှ တောင်သူ(၃၀)ဦး၊ လယ်ဧက(၁၈၄)ဧကအတွက် ချေးငွေ(၂၇၆)သိန်းအား တောင်သူများလက်ဝယ်အရောက် စနစ်တကျထုတ်ချေးပေးခဲ့ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာဦးမင်းသက်စံထံမှ သိရသည်။
မိချို(ကျိုက်မရော)