သာယာဝတီမြို့နယ်တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲပြုလုပ်

သာယာဝတီ ဇူလိုင် ၄

ကျောင်းသားလူငယ်များ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို မှတ်သားသိရှိနိုင်စေရန်အတွက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာမိုးက ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဦးစီးအရာရှိ ဒေါ်အိအိအောင်က အာဇာနည် ၉ ဦး၏ သမိုင်းကြောင်းများအားဟောပြောပြီး မြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မျိုးချစ်စိတ်နှင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းအကျဉ်းချုပ်အား ဟောပြောခဲ့သည်။ 

ယင်းနောက် ဟောပြောပွဲသို့တက်ရောက်လာသူ ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသစာအုပ်/ စာစောင်များ၊ နံရံကပ်စာစောင်များအား လေ့လာကြည့်ရှုခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲသို့ မြို့နယ်ပညာရေးမှူးဦးဝင်းနိုင်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေမျိုးထွန်းနှင့် ဆရာ၊ ဆရာမများ၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)