Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ငပုတောမြို့နယ်ဟင်းအိုးချောင်းအုပ်စု၊ရေငံသရက်ကုန်းအခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းကောင်စီဥက္ကဋ္ဌ ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင…
Jul 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ဟင်းအိုးချောင်းအုပ်စု၊ ရေငံသရက်ကုန်း အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် ကျောင်းကောင်စီဥက္ကဋ္ဌ ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းကအဆိုပါကျောင်းရှိ အားကစားဝန်းအတွင်း ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဗိုလ်တထောင်ခရိုင်၌ ခရိုင်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၇/၂၀၂၄) ကျင်းပပြုလုပ်
Jul 05,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ခရိုင်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၇/၂၀၂၄) ကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ဇလွန်မြို့နယ်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထယ်ထိုးမြေဖုံးခြင်း ကွင်းသရုပ်ပြပွဲ ပြုလုပ်
Jul 05,2024
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ဇလွန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းထယ်ထိုးမြေဖုံးခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် ဖက်သောင်ကျေးရွာအုပ်စု တောင်သူဒေါ်မြင့်မြင့်ချို၏ လယ်မြေ (၁၀)ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အင်္ဂပူမြို့ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်
Jul 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်းတွင် ယနေ့နံနက်ပိုင်းကကျောင်းသားလူငယ်များ အသိပညာတိုးပွားစေရေး၊ ဗလငါးတန်ပြည့်စုံစေရေး၊ စာကြည့်တိုက်အသုံးပြုပြီး အသိပညာဟုသုတရရှိစေမည့်စာအုပ်စာပေများ ဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေး
Jul 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံတော်၏လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း၊စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေးဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များကို ရရှိစေရန် ရည်ရွယ်၍၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅)ရက်နေ့အထိ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များ ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ရှင်းလင်းဆွေးနွေးခြင်းကို ဇူလိုင်လ (၅) ရက်နေ့ နံနက် (၁၁) နာရီ အချိန်က ဖျာပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်အဝေးခန်းမ၌ ကျင်ပသည်။
အပြည့်အစုံ ဖတ်ရန်
ဒိုက်ဦးမြို့နယ်၌ အသက် (၂) လမှအသက် (၂) နှစ်အောက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး/ ဆေးတိုက်ခြင်းလုပ်ငန်းဆောင်ရွက်
Jul 05,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ အသက် (၂) လမှ အသက် (၂) နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ၊ ဓမ္မာရုံများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် နှမ်းသီးနှံ ၁၄၀၉၂ ဧက စိုက်ပျိုးပြီးစီး
Jul 05,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် နှမ်းသီးနှံ ၁၄၀၉၂ ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jul 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာရေးဒီဂရီကောလိပ်၊ ပညာဂုဏ်ရည်ခန်းမတွင် ယနေ့နံနက် (၉) နာရီ အချိန်၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4546
Page
4547
Page
4548
Page
4549
Current page
4550
Page
4551
Page
4552
Page
4553
Page
4554
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department