ဗိုလ်တထောင်ခရိုင်၌ ခရိုင်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၇/၂၀၂၄) ကျင်းပပြုလုပ်

ဗိုလ်တထောင် ဇူလိုင်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ခရိုင်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၇/၂၀၂၄) ကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

ဦးစွာပထမ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်လွင်မှအဖွင့်အမှာစကားပြောကြားသည်မှာ အခြေခံပညာကျောင်းများ ဇွန်လ ၃ ရက်နေ့မှစတင်၍ ပြန်လည်ဖွင့်လှစ်ခဲ့ပြီဖြစ်ကြောင်း၊ ကျောင်းများဖွင့်လှစ်ပြီဖြစ်သဖြင့် ကျောင်းသားကျောင်းသူများ အန္တရာယ်ကင်းစွာပညာသင်ကြားနိုင်ရေး၊ လှည့်ကင်းပတ်ကင်းများဆောင်ရွက်ပေးရန်၊ ကျောင်းဉပဓိရုပ်ကောင်းမွန်ရေးပူးပေါင်းဆောင်ရွက်ပေးကြရန်၊ ကျောင်းများတွင်ကျန်းမာရေးနှင့် ညီညွတ်သည့်မုန့်များကိုသာ ရောင်းချခွင့်ပြုရန်၊ အခြေခံကျောင်းများအနီးအနားမှာ ယာဉ်အန္တရာယ်ကင်းဝေးစေရန် ယာဉ်စည်းကမ်းလမ်းစည်းကမ်းများဆောင်ရွက်ပေးရန်၊ သွေးလွန်တုပ်ကွေးနှင့် ဝမ်းလျှောဝမ်းပျက်များအဖြစ်များသည့်ရာသီဖြစ်၍ ကျောင်းများသန့်ရှင်းရေးကို ဝိုင်းဝန်းဆောင်ရွက်ကြရန်၊ နယ်မြေဒေသအေးချမ်းသည်ဆိုသော်လည်း မိမိလုံခြုံရေး၊ ရုံးလုံခြုံရေးမပေါ့ဆကြရန်၊ သဘာဝဘေးအန္တရာယ်ကျရောက်ပါက ထူးခြားမှုအားမြန်မြန်သိမြန်မြန်တင်ပြကြရန်၊ နယ်မြေစစ်ဆေးမှုများကိုလည်း ပိုမိုဆောင်ရွက်စစ်ဆေးကြရန်၊ သတင်းလုံခြုံမှုရှိကြစေရန်၊ လမ်းဖြတ်ကူးရာတွင်လည်းစည်းကမ်းရှိစေရန် အသိပညာပေးမှုများဆောင်ရွက်ခြင်း၊ ဆန်နှင့်စားသုံးဆီဖြန့်ဖြူးမှုနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ စာဖတ်ရှိန်မြင့်တင်ရေးနှင့် စာကြည့်တိုက်များရေရှည်တည်တံ့ခိုင်မြဲရေး ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ ဂုဏ်ထူးရကျောင်းသားများအား ယခင်နှစ်ကကဲ့သို့ ဂုဏ်ပြုဆုများပေးအပ်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရန်၊ ဌာနဆိုင်ရာများအနေဖြင့် စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်၊ အသိပညာနှင့် ဗဟုသုတတိုးပွားစေရေးအတွက် ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များဖွင့်လှစ်ပြီး စာဖတ်ရှိန်မြှင့်တင်နိုင်ရေးပူးပေါင်းဆောင်ရွက်ရန်၊ ဌာနဆိုင်ရာရုံးအဆင့်ဆင့်ရှိဝန်ထမ်းများအနေဖြင့် လူပုဂ္ဂိုလ်လုံခြုံရေး၊ စာရွက်စာတမ်းများလုံခြုံရေးနှင့် ရုံးပိုင်းဆိုင်ရာလုံခြုံရေးကို မပေါ့ဆဘဲ အထူးဂရုပြုဆောင်ရွက်ကြရန် အစရှိသည်များကို ဆွေးနွေး​ပြောကြားပြီး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်ခိုင်ကလျာစောမှ ယခင်အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၄) ဆုံးဖြတ်ချက်များ၊ လိုက်နာဆောင်ရွက်မှုများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ညွှန်ကြားချက်များအား ဖတ်ကြားတင်ပြခြင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များမှဆွေးနွေးခြင်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ ခရိုင်တာဝန်ခံများမှ မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ဆွေးနွေးတင်ပြခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ မိမိတို့မြို့နယ်အတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများ၊ကျောင်းများဖွင့်လှစ်ပြီဖြစ်သည့်အတွက်ကျောင်းများအလိုက်ကျောင်းအပ်နှံမှုကျောင်းသားကျောင်းသူများစာရင်းများ၊ဆရာနှင့်ကျောင်းသားအချိုးများအား၊ဆွေးနွေးတင်ပြခဲ့ကြပြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကိုနေ့လယ် (၂) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

ိထိုအစည်းအဝေးအခမ်းအနားသို့ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်တာဝန်ခံများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ခင်ဝင်း (ပြန်/ဆက်)