အမြို့မြို့အနယ်နယ်သတင်းများ

Jul 05,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ယနေ့ နေ့လည်မွန်းလွဲ(၁၂:၁၅) နာရီက အဆိုပါရုံးရှိလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Jul 05,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် သစ်တောဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများအား သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှု ဆက်စပ်ပုံကို သိရှိနားလည်စေပြီး ရာသီဥတုပြောင်းလဲမှုလျှော့ချရန်၊ သစ်တောများ၏ အကျိုးကျေးဇူးများကို သိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီအချိန်တွင် လက်ပံတန်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပခဲ့သည်။
Jul 05,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြည်သူများ စာပေဖတ်ရှုသည့် အလေ့အထများရရှိစေရန်၊ အစုအဖွဲ့နှင့် အပြန်အလှန်ဆွေးနွေးတတ်စေရန်၊ စာပေမှ အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ရေးသူ၊ ဖတ်သူစာပေဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jul 05,2024
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူလူငယ်များ စာကြည့်တိုက်များကို အသုံးပြုတတ်စေရန် ရည်ရွယ်၍ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲခန့်က အ.ထ.က(၃) မြဝတီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jul 05,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ဇူလိုင်လ(၆)ရက်နေ့တွင် ကျရောက်မည့်(၁၀၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ နေ့လည် ၁၁ နာရီခွဲအချိန်က မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်အသင်းစုတို့ပူးပေါင်း၍ ဘုန်းတော်ကြီးသင်ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား အာဟာရတိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
Jul 05,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဒေသဖွံ့ဖြိုးရေးအတွက် စီမံကိန်းလုပ်ငန်းများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်ပေးနေသည့် ကျေးရွာပေါင်း(၅၆)ရွာရှိရာ ကျားသောင်ကျေးရွာအုပ်စု၊ ကျားသောင်ကျေးရွာရှိ မြစိမ်းရောင်စီမံကိန်း အသင်းသား(၈၈)ဦးအတွက် ဒဿမအကြိမ်ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက ကျေးရွာအ.လ.က(ခွဲ)ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 05,2024
ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်လေးများသည် နိုင်ငံ၏တန်ဖိုးရှိလှသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်သည်နှင့်အညီ အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် “SUCCESS LAND ACADEMY - SLA” ကိုယ်ပိုင်အထက်တန်းကျောင်း (တာမွေ) တို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ရန်ကုန်မြို့တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ “SUCCESS LAND ACADEMY - SLA” ကိုယ်ပိုင်အထက်တန်းကျောင်း (တာမွေ) စုပေါင်းခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။