ဇလွန် ဇူလိုင် ၅
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ဇလွန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းထယ်ထိုးမြေဖုံးခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် ဖက်သောင်ကျေးရွာအုပ်စု တောင်သူဒေါ်မြင့်မြင့်ချို၏ လယ်မြေ (၁၀) ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။
သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထယ်ထိုးမြေဖုံးခြင်း ကွင်းသရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးနိုင်ကျော်စိုးက တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးပန်းတိုင် အထွက်နှုန်း ရရှိစေရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ မိုးစပါးမစိုက်ပျိုးမီ မြေခံပိုက်ဆံလျှော် စိုက်ပျိုးနိုင်ရေး၊ ပိုက်ဆံလျှော်မြေခံစိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းပိုမိုကောင်းမွန်စေရေး၊ မိုးစပါးကြဲခင်းများ လျော့နည်းပပျောက်စေရေးနှင့် Drum Seeder အစေ့ချကိရိယာများဖြင့် စိုက်ပျိုးနိုင်ရေးကိစ္စများ ဆွေးနွေးပြောကြားခဲ့ပြီး ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် တာဝန်ရှိသူများက သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထယ်ထိုးမြေဖုံးခြင်း ကွင်းသရုပ်ပြပွဲကို ကြည့်ရှုအားပေးခဲ့ကြသည်။
ဝေယံ
ဇလွန် (ပြန်/ဆက်)