အင်္ဂပူမြို့ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်

အင်္ဂပူ ဇူလိုင် ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်းတွင် ယနေ့နံနက်ပိုင်းကကျောင်းသားလူငယ်များ အသိပညာတိုးပွားစေရေး၊ ဗလငါးတန်ပြည့်စုံစေရေး၊ စာကြည့်တိုက်အသုံးပြုပြီး အသိပညာဟုသုတရရှိစေမည့်စာအုပ်စာပေများ ဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သီသီရှိန် ဦးဆောင်သောဝန်ထမ်းများက ကလေးစာဖတ်ခန်းတွင် ကျောင်းသား၊ ကျောင်းသူများအားစာအုပ်ပြပွဲ၊ နံရံကတ်စာစောင်ပြသခြင်း၊ ကဗျာရွတ်ဖတ်ခြင်းအား ဆောင်ရွက်ပေးခဲ့သည်။

အင်္ဂပူမြို့ နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင်လည်း စာဖတ်ဝိုင်းပြုလုပ်ခြင်း၊ ပုံပြော၊ ကရွတ်၊ အားကစားပြိုင်ပွဲ၊ ဟောပြောပွဲများအား ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဦးစီးအရာရှိထံမှ သိရသည်။

မန်းကျော် (ပြန်/ဆက်)