အမြို့မြို့အနယ်နယ်သတင်းများ

Jul 05,2024
အုတ်တွင်းမြို့နယ်၊ ခင်တန်းကျေးရွာ ဘဝအဖော်မွန် ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်၏ ရန်ပုံငွေဖြင့် (၆)ကြိမ်မြောက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းပွဲကို ယနေ့တွင် အ.မ.က(မူလွန်) ခင်တန်းကျောင်း၌ ပြုလုပ်သည်။
Jul 05,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) သင်တန်းကို ယမန်နေ့က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
Jul 05,2024
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကြက်သွန်ခင်း- ၂ တွင် ယနေ့နံနက်ပိုင်းက (၇၇)နှစ်မြောက်အာဇာနည် နေ့အထိမ်းအမှတ်အကြိုပန်းချီ၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 05,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည်  စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံလက်ဝယ်အရောက် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို အပတ်စဉ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက  ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်နေပြည်သူများထံ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Jul 05,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မင်းရဲ၊ သင်းတွဲ၊ သင်းဒီး၊ ထုံးကြီး၊ စမာ၊ တမုတ်စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းများ ခွဲခြားသတ်မှတ်ပြီး ဆည်ရေ၊ မိုးရေ၊ မြေအောက်(အဝီစိ) ရေများဖြင့် သီးနှံများလျာထားစိုက်ကြရာ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဆီထွက်သီးနှံမျိုးစုံ၊ ပဲမျိုးစုံနှင့် အခြားသီးနှံမျိုးစုံ(၃၄၈၉၆၀၅)ဧက လျာထားပြီးစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
Jul 05,2024
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားတစ်ဦး၏ လုပ်ငန်းခွင်ထိခိုက်သေဆုံးမှုအတွက် နာရေးစရိတ်နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့်ထုတ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်လူမှုဖူလုံရေးရုံး၌ ကျင်းပသည်။
Jul 05,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်စာကြည့်တိုက်များ အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်းကို ယနေ့ နံနက် (၁၀)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ရာ ခရိုင်စာကြည့်တိုက်များ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။
Jul 05,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြုးမြို့နယ်၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ခန်းမတွင် ကျန်းမာရေးဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။