ငပုတောမြို့နယ်ဟင်းအိုးချောင်းအုပ်စု၊ရေငံသရက်ကုန်းအခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းကောင်စီဥက္ကဋ္ဌ ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ငပုတော ဇွန် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ဟင်းအိုးချောင်းအုပ်စု၊ ရေငံသရက်ကုန်း အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် ကျောင်းကောင်စီဥက္ကဋ္ဌ ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းကအဆိုပါကျောင်းရှိ အားကစားဝန်းအတွင်း ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ချောစုစုဟန်က အဖွင့်အမှာစကားပြောကြားရာတွင် ထူးချွန်ထက်မြတ်ပြီး ကျန်းမာသန်စွမ်းသော အားကစား လူငယ်များပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျင်းပပေးရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြိုင်ပွဲဝင်ကျောင်းကောင်းစီ အသင်း (၅)သင်းမှ အားကစားသမားများက ကွင်းအတွင်းနေရာယူကြပြီး ပွဲစဉ် (၁) အနေဖြင့် ကျန်စစ်သားအသင်းနှင့် အလောင်းဘုရားအသင်းတို့ယှဉ်ပြိုင်ကစားနေမှုအား ဆရာ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)