ညောင်တုန်းမြို့နယ်ရှိ ကျေးလက်လမ်းလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ညောင်တုန်း နိုဝင်ဘာ 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာ‌နှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းခင်းခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ကွင်းဆင်းကြည့်ရှုရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(နေပြည်တော်) အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးကျော်ကျော်ထွေး၊ ခရိုင်နှင့် မြို့နယ်တာဝန်ခံ အင်ဂျင်နီယာများ၊ လမ်းအရည်အ‌သွေး ထိန်းသိမ်း‌ရေးအဖွဲ့တို့က အောင်မြေဦးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် မဲဇလီ-ညောင်ရွာ ကျေးရွာချင်းဆက် ကျောက်ချောခင်းခြင်းလုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက်‌နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)