မင်းလှ နိုဝင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် အခြေခံပညာဦးစီးဌာနကကြီးမှူးကျင်းပသည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ကျောင်းသားများ ပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှုများအကောင်အထည်ဖော်ရေး (Student Participation Initiatives- SPI) မြို့နယ်အဆင့်ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အ.ထ.က မင်းလှ (မြို့ပြင်)၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ကြည်ကြည်ချိုက ကျောင်းသားများ ပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှုများ အကောင်အထည်ဖော်ရေး မြို့နယ်အဆင့်ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး၊ အ.ထ.က(မင်းလှ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းဝင်းက သင်တန်းစည်းမျဉ်းစည်းကမ်းများနှင့် သင်တန်းသားများ လိုက်နာဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါဆွေးနွေးပွဲကိုနည်းပြ(၂)ဦး၊ ရုံးအဖွဲ့(၂)ဦး၊ မြို့နယ်အတွင်းရှိ (ထက်၊ လယ်၊ မူ)အဆင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ(၄၇)ဦး စုစုပေါင်း(၅၁)ဦးတို့ဖြင့် နိုဝင်ဘာ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ(၃)ရက်ကြာ ဖွင့်လှစ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပေါက်စ(မင်းလှ)