ရန်ကုန် နိုဝင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းတောရတပ်ဦးကျောင်း၊ မဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ၊ ဝိဇ္ဇာကာသီ သိရီကမ္မဋ္ဌာနာစရိယ (သီရိလင်္ကာနိုင်ငံ)Ph.D (Social Science),Ph.D (Vipassan Bhvan)Thailand နိုင်ငံတော်သမ္မတကြီး၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုဘွဲ့တံဆိပ်တော်ရ ပြည်တွင်းပြည်ပ ကမ်ဘာ့ဗုဒ္ဓသာသနာပြု၊ အောင်ဆန်းဆရာတော် ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရထေရ်ရှင်မြတ်အား အမှူးထားပြီး ရာဂီမုန်းတိုင်းကြောင့် ကွယ်လွန်သွားကြသော ပုဂ္ဂိုလ်များ ရည်စူးပြီး ကောင်းမှုကုသိုလ်များ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အောင်ဆန်းတောရတပ်ဦးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တက်ရောက်လာကြသည့် အလှူရှင်နှင့် ဧည့်ပရိသတ်များက ရန်ကုန်တိုင်းဒေသကြီး၊ သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဒွိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး၊ အောင်ဆန်းတောရ တပ်ဦးကျောင်းဆရာတော်ကြီးနှင့် ပင့်သံဃာတော်များအား မတည်အလှူရှင် ဦးအောင်ဆွေဦး (Myanmar united Asia Co;Ltd) နှင့် အလှူရှင်များက လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် အလှူရှင်များနှင့်ဧည့် ပရိသတ်များက လှူဒါန်းမှုအစုစုအတွက် အနုမောဒနာနှင့် ရေစက်ချတရာတော်များကို အောင်ဆန်းတောရကျောင်းဆရာတော်ကြီးထံမှ နားယူခဲ့ကြပြီး ရာဂီမုန်းတိုင်းကြောင့် ကွယ်လွန်သွားကြသော ပုဂ္ဂိုလ်များအား ဆုတောင်း အမျှပေးဝေခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)