လက်ပံတန်း၌ နေကြာစိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့နှင့် ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်

လက်ပံတန်း နိုဝင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်အတွင်းရှိ (၂၀၂၄-၂၀၂၅)အတွက် သမဝါယမကဏ္ဍမှ ဆောင်းဆီထွက်သီးနှံ နေကြာစိုက်ပျိုးမည့် သမဝါယမအသင်းသား တောင်သူများအား နေကြာသီးသန့်စိုက်ပျိုးဧက (၂၀၀)ဧကနှင့် သီးညှပ်(၁၀၀၀)ဧက စုစုပေါင်း (၁၂၀၀)ဧကအတွက် နေကြာအထွက်တိုး မျိုးကောင်းမျိုးသန့် (ရေဆင်းစပ်မျိုး-၁)သွင်းအားစုများပေးအပ်ပွဲနှင့် ဓာတ်မြေသြဇာထောက်ပံ့ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဆောင်းဆီထွက်သီးနှံ (နေကြာ)စိုက်ပျိုးသည့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)