မြစ်ကြီးနား နိုဝင်ဘာ ၇
ကချင်ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ကြီးမှူး၍ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော ပိုးမွေးမြူရေးသင်တန်း (ပိုးစာနှင့် စိုက်ပျိုးမွေးမြူရေးသင်တန်း) (၁/၂၀၂၄) ဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီက မန်ခိန်ရပ်ကွက်ရှိ မြစ်ကြီးနားမြို့ စိုက်ပျိုးရေးဦးစီးဌာန၊ ဝါးနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲ ပိုးစာခြံသင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကချင်ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသူရိန်လင်းက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြများက ပိုးစာပင်စိုက်ပျိုးခြင်း၊ ပျိုးထောင်ခြင်း၊ ပိုးဥဖောက်ခြင်း၊ ပိုးငယ်စဉ် မွေးမြူခြင်း၊ ပိုးကြီးစဉ်မွေးမြူခြင်းများအား စာတွေ့ လက်တွေ့ စတင်သင်ကြားပို့ချပေးလျက်ရှိသည်။
အဆိုပါသင်တန်းတွင် ဒေသခံတိုင်းရင်းသား/တိုင်းရင်းသူ (၂၀) ဦးတက်ရောက်လျက်ရှိပြီး နိုဝင်ဘာလ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ (၃) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)