ညောင်လေးပင် နိုဝင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် မြို့နယ်တိုင်းရင်းဆေးပညာဌာနမှ (၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ အကြိုကွင်းဆင်းဆေးကုသပေးခြင်းကို နိုဝင်ဘာ (၅)ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကမ္မဋ္ဌာန်းဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ကျန်းမားရေးစောင့်ရှောက်မှုများပြုလုပ်ပေးရာတွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်သိန်းဌေးဦးနှင့်၀န်ထမ်းများက သံဃာတော် (၄)ပါး ၊ သီလရှင်(၂)ပါးအမျိုးသား (၂)ဦး၊ အမျိုးသမီး(၂၂)ဦး၊ စုစုပေါင်း(၃၀)ဦးအား တိုင်းရင်းဆေးများဖြင့် သက်ဆိုင်ရာရောဂါအလိုက် နှိပ်နှယ်ပေးခြင်း၊ ဆေးစည်းပေးခြင်း၊ သောက်ဆေး၊ စားဆေးများပေးခြင်းတို့ဖြင့် ဆေးကုသ၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)