လှိုင်သာယာ(အနောက်ပိုင်း) သြဂုတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်အတွင်းရှိ သိမ်းဆည်းခံလယ်မြေများအတွက် မြေယာလျော်ကြေး ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ်က လှိုင်သာယာမြို့နယ်ခန်းမတွင် ကျင်းပဆောင်ရွက် သည်။
အခမ်းအနားတွင် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက လယ်သမားများ မြေလျော် ကြေးရရှိခြင်းနှင့် ပတ်သက်၍ ဝမ်းမြောက်ကြောင်းနှင့် ညီညွတ်မျှတစွာ ဆောင်ရွက်စေလိုကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် လှိုင်သာယာမြို့နယ် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သိမ်းဆည်းခံလယ်မြေဧက(၉၅၃.၅၀)အတွက် လယ်ယာမြေပိုင်ဆိုင်သူ လယ်သမားများ(၇၉)ဦးအား ကျပ်သန်း (၉၅၃၅.၀၀) ကျပ်သန်းကို သိမ်းဆည်းခံ လယ်ယာမြေများအတွက် မြေလျော်ကြေးများ အသီးသီးပေးအပ်ခဲ့ပြီး လယ်ယာ မြေ ပိုင်ဆိုင်သူ လယ်သမားများမှ ကျေးဇူးတင် စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရှိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)