မွန်ပြည်နယ် ပေါင်မြို့တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး ကြီးကြပ်ရေးအဖွဲ့ များမှ ကွင်းဆင်း စစ်ဆေး

ပေါင် ဩဂုတ် ၂၁

မွန်ပြည်နယ် ပေါင်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး ကြီးကြပ်ရေး အဖွဲ့ များမှ ယမန်နေ့နံနက်ပိုင်းက ရင်းငြိမ်တောင်ကျေးရွာနှင့် ရွာတန်းရှည်ကျေးရွာသို့ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရ သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲစာရင်းများ ထုတ်ပြန် ကြေညာ ပြီးနောက် အခြေခံမဲဆန္ဒရှင်စာရင်းမှန်ကန်စေရေးကို မဲပေးခွင့်ရှိသူများ ကျန်ရှိမှု မရှိစေရေး၊ မပါသင့်မပါထိုက်သူများ ပါဝင်မှု မရှိစေရေးနှင့် မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပြင်ဆင်နိုင်ရေးတို့ကို မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးအုပ်စု ကော်မရှင်အဖွဲ့ခွဲဝင်များနှင့်အတူ အလှည့်ကျ တစ်အိမ်တက်ဆင်း ကွင်းဆင်းစိစစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပေါင်မြို့နယ်၌ စုစုပေါင်း မဲပေးပိုင်ခွင့် ရှိသူ (၂)သိန်းကျော်ရှိပြီး မွန်ပြည်နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ(၁၇)သိန်းကျော်ရှိတယ်လို့ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ၏ စာရင်းအရ သိရသည်။

ဝင်းမင်းသန်း(ပြန်/ဆက်)