ကျိုင်းတုံ ဩဂုတ် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးခွင့်ရရှိစေရေးနှင့် အချက်အလက်များ ပြည့်စုံ မှန်ကန်မှုရှိစေရန် မြို့ပေါ်ရပ်ကွက်များတွင် ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက် ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးဦးရဲနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်း၊ မြိုနယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှတာဝန်ရှိသူများက မဲဆန္ဒရှင်စာရင်းများပြုစုထုတ်ပြန်ရာတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ အမည်များ ပါရှိရန်နှင့် ပြည့်စုံ မှန်ကန်စေရန် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲထည့်နိုင်သည့် အခွင့်အရေး ရရှိစေရန်အတွက် စာရင်းများ တိုက်ဆိုင် စစ်ဆေးခြင်း၊ ကောက်ယူခြင်း ဆောင်ရွက်နေမှုများကို လိုက်လံစစ်ဆေးခဲ့ကြသည်။
မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးနှင့်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူအားလုံး၏ အမည်များ ပါရှိစေရေး အတွက် ရွှေ့ပြောင်း လုပ်သားများနှင့် အိမ်ငှားများ အာလုံးပါဝင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန် အသိပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရှိရသည်။
ရဲထက်ဦး(ပြန်/ဆက်)