ရပ်စောက်မြို့နယ် အလယ်ချောင် အထက(ခွဲ) ကျောင်းသား/သူများအား ရာသီတုပ်ကွေး၊ (DHF)သွေးလွန် တုပ်ကွေး ရောဂါကာကွယ်ရေး အသိပညာပေးဆွေးနွေး

ရပ်စောက်      ဩဂုတ်    ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ် ကျန်းမာရေးဦးစီးဌာန ဒေါက်တာပိုင်စိုးမိုး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများမှ အလယ်ချောင်ကျေးရွာ အထက(ခွဲ) ယမန်နေ့ နေ့လည် ၁ နာရီ အချိန်က ကျောင်းသား/သူများအား ရာသီတုပ်ကွေးနှင့်(DHF)သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေး ဆွေးနွေးခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒေါက်တာပိုင်စိုးမိုးမှ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေး ဆွေးနွေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် ကျောင်းသား/သူများမှ သွေးလွန် တုပ်ကွေး ရောဂါနှင့် ပတ်သက်၍ သိသင့်သိထိုက်သော အကြောင်းအရာများကို ဆွေးနွေး မေးမြန်းကြရာ ဒေါက်တာ ပိုင်စိုးမိုးမှ ရောဂါလက္ခဏာများ၊ ကူးစက်ပုံကူးစက်နည်းများ၊ ရောဂါ ဖြစ်ပွားပါက ကုသမှု ခံယူသင့်သည့် အချက်များ၊ ကာကွယ်ရန် နည်းလမ်းများနှင့် ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများ၊ ကုသမှုခံယူသင့်သည့် အချက် များ ကို အကြံပြုဖြေကြားခဲ့သည်

ဆက်လက်၍ ကျန်းမာရေးဝန်ထမ်းများမှ ကျောင်းရှိ ရေတွင်း၊ ရေကန်များအား အဘိတ်ဆေး ခပ်ခြင်း၊  ပိုးလောက်လန်း နှိမ်နင်းရေး(ဖုံးသွန်လဲစစ်)လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)