မွန်ပြည်နယ် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မော်လမြိုင်  ဩဂုတ်  ၂၁

မွန်ပြည်နယ်၊ အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အထူးပြုစုစောင့်ရှောက်ရန် လိုအပ်သော ကလေးများ လေ့ကျင့်သင်ကြားရေး သင်တန်းကျောင်း၌ ယနေ့နေ့ လယ်ပိုင်း၌ ကျင်းပသည်။

အစည်းအဝေးတွင် မွန်ပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌလူမှုရေးဝန်ကြီး ဒေါက်တာ ထိန်လင်း က အမှာစကားပြောကြားရာတွင် “အမျိုးသမီးကော်မတီအနေဖြင့် COVID-19 ကာလအတွင်းမှာ မဖြစ်မနေလုပ်ပေးရမည့် လုပ်ငန်းစဉ်တွေကို သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမှာ ဖြစ်ကြောင်း အမျိုးသမီးများ၏ လိုအပ်ချက်တွေကို ကျေးရွာထိကွင်းဆင်းပြီး စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး အသိပညာပေးခြင်း၊ အထောက်အကူပစ္စည်းဖြန့်ဝေခြင်း၊ စေတနာ့ ဝန်ထမ်းများကို Volunteer သင်တန်းများပေးခြင်းကို (၂၆)ကြိမ် ဆောင်ရွက်ခဲ့ကြောင်း Quarantine Centre သို့ရောက်ရှိလာသော အမျိုးသမီးများ၏ အရေးပေါ်လိုအပ်ချက်များကို UN Women UN FPA အဖွဲ့များ၏ ပံ့ပိုကူညီမှုများဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ (၅)နှစ်အောက် ကလေးများ၊ သက်ကြီး  ရွယ်အိုများ၊ မသန်စွမ်းသူများ စာရင်းကောက်ယူပြီး တစ်ဦးလျှင် သုံးသောင်းကျပ်စီ ထောက်ပံ့ပေးခြင်း များဆောင်ရွက် ပေးခဲ့ကြောင်း ဆက်လက်ပြီး ကိုယ်ဝန်ဆောင်မိခင်များကို  ထောက်ပံ့လိုသည့်အတွက် ငွေဗိုက် Application ဖြင့် Online မှတစ်ဆင့် စက်တင်ဘာ(၁၅)ရက်နေ့အထိ လျှောက်ထား၍ ထောက်ပံ့ ကြေး ရယူနိုင်ကြောင်း” များဆွေးနွေးခဲ့သည်။

ဆက်လက်၍ အမျိုးသမီးကော်မတီ အတွင်းရေးမှူး ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးကိုကိုနိုင် က ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ရှေ့ဆက် ဆောင်ရွက်မည့်  အစီအစဉ်များ ရှင်းလင်းဆွေးနွေးခြင်းနှင့် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းအောင်က ငွေဗိုက်အစီအစဉ်အား ရှင်းလင်းတင်ပြရာ တက်ရောက် လာသူ များက ရှင်းလင်းဆွေးနွေးကြပြီး အစည်းအဝေးကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။                                                                                     

ပြည်နယ်(ပြန်/ဆက်)