ကုန်းကြမ်း ဩဂုတ် ၂၁
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ကုန်းကြမ်းမြို့နယ် ရှောက်ကိုင်ကျေး ရွာ တွင် COVID-19 စီးပွားရေးကုစားမှုအစီအစဉ် အရ စပါးမျိုးစေ့ထုတ် တောင်သူများအား မျိုးစေ့ဘိုးနှင့် စိုက်ပျိုးပြုစုစရိတ် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ က ရှောက်ကိုင်ကျေးရွာ အုပ်ချုပ် ရေးမှူးရုံး၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဦးအောင်စန်းမြင့်က ကုန်းကြမ်းမြို့နယ်တွင် မိုးစပါးမျိုးစေ့ ထုတ်(၅၀) ဧက ဆောင်ရွက်သွားမည်ဖြစ်ကာ တောင်သူများကိုယ်တိုင် စပါးမျိုးစေ့ ထုတ်သည့် လုပ်ငန်းလုပ်ကိုင်၍ ဒေသတွင်း မျိုးစေ့ အလွယ်တကူ ရရှိအသုံးပြုနိုင်စေရန်နှင့် ယခုလို မျိုးသန့် မျိုးစေ့များ ရရှိရေးအတွက် မျိုးစေ့ထုတ်လုပ်ငန်းများကို စနစ်တကျ လိုက်ပါ ဆောင်ရွက်ပြီး ဒေသတွင်း တောင်သူအချင်းချင်း စပါးမျိုးစေ့များ ဖြန့်ဖြူးဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဦးအောင်စန်းမြင့်က ပထမအကြိမ် တစ်ဧက မျိုးစေ့ ဘိုးကျပ် (၈၅၀၀)နှင့် စိုက်ပျိုးပြုစုစရိတ် ကျပ် (၇၅၀၀၀) အား တောင်သူ ( ၃၁ ) ဦး ၊ (၅၀) ဧကအတွက် ကျပ် (၂၆)သိန်းခန့်အား တောင်သူတစ်ဦးချင်းသို့ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်ဇော်အောင် (ပြန်/ဆက်)