နမ္မတူမြို့နယ်ရှိ ကြူဆော့(IDP) စခန်း၌ အခြေခံစီးပွားရေးသင်တန်း ဖွင့်လှစ်ဆောင်ရွက်

နမ္မတူ ဩဂုတ် ၂၁

ဂရုဏာလူမှုစည်းလုံညီညွတ်ရေးအသင်းမှ ခံစားသူများ၏ အခြေခံစီးပွားရေးဆိုင်ရာ အရည်အသွးများ မြင့်တင် ပေးရန်၊ အကျိုးခံစားသူများ၏ မိသားစုတွင်း အပိုဝင်ငွေရရှိ တိုးပွားလာစေရန် ရည်ရွယ်၍ အခြေခံ စီးပွားရေး သင်တန်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ကြူဆော့ (IDP) စခန်းခန်းမ၌ ဩဂုတ် (၁၈)  ရက်နေ့ နံနက်ပိုင်းမှ ပို့ချသင်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် ဂရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်းမှ ဦးဖုန်းအောင် (livelihood technician)၊ ဦးလှဒွဲ (field facilitator) နှင့် ဦးတူလီ (field facilitator)တို့က စီးပွားရေးလုပ်ငန်းတစ်ခုရွေးချယ်ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ စွမ်းရည်၊ ဆက်သွယ်/ဆက်ဆံရေးနှင့် ဆက်သွယ်ရေး၏အရေးပါပုံ၊ လုပ်ငန်း မစတင်မီ လေ့လာသင်ယူရမည့် အချက်များ၊ ဈေးကွက်သုတေသနအခြေခံ၊ စီးပွားရေးစီမံကိန်း ရေးဆွဲခြင်း၊ စိန်ခေါ်မှု အခက်အခဲများ ဖော်ထုတ်ခြင်း၊ ကောင်းမွန်သောရင်းနှီးမြှုပ်နှံမှု၊ ထုတ်ကုန်တန်ဖိုး မြှင့်တင်ခြင်း၊ ဈေးကွက်ရှာ‌‌ဖွေဖော်ထုတ်ခြင်း၊  ဈေးနှုန်းသတ်မှတ်ခြင်း၊ မှတ်တမ်းပြုစုနည်း စသည့် သင်ခန်းစာများ အား ဩဂုတ်လ (၁၈)ရက်နေ့မှ (၂၀)ရက်နေ့အထိ (၃)ရက်တာ နေ့စဉ် နံနက် (၉)နာရီမှ ညနေ (၄)နာရီခွဲအထိ ပို့ချ ဆောင်ရွက်ခဲ့ရာ ကြူဆော့ (IDP)စခန်းမှ သင်တန်းသား ကျား (၁)ဦး၊ မ (၈)ဦး၊ စုစုပေါင်း (၉)ဦး သင်တန်း တက်ရောက်သင်ယူခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)